ビルマ語

ခဲအိုးဂိဂျုခုအထက်တန်းကျောင်း၏သံဓိဌာန်

「ခဲအိုးဂိဂျုခု၏ရည်ရွယ်ချက် 」Mr.Fukusawa Yukichi

ကျွုပ်တို့ ခဲအိုးဂိဂျုခုကျောင်း သည်ပုံမှန်ကျောင်းများစွာထဲမှ တစ်ကျောင်းအဖြစ် ရောက်ရှိနေသည့် နေရာတွင် ကျေနပ်နှစ်သက်နေမည့်ကျောင်းမဟုတ်ပါ။ ကျွုပ်တို့ ခဲအိုးဂိဂျုခုကျောင်း သည် ပုဂ္ဂလိကကျောင်းဖြစ်ပြီး ကျွုပ်တို့ ကျောင်းရှိဆရာ၊ဆရာမများမှ ကျောင်းတွင်ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူ များ ကို ဂျပန်နိုင်ငံအတွက်အရည်အချင်းပြည့်ဝသော အသိပညာရှင် ၊ အတတ်ပညာရှင်များ အဖြစ်မွေးထုတ်ပေး နိုင်ရန် ရည်မှန်းချက်ထား၍ ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။တနည်းအားဖြင့် ဆရာ၊ဆရာမများသည် ပညာသင်ကြားနေသော ကျောင်းသားများကို တည်ငြိမ်အေးဆေးသောနေထိုင်မှု့ ၊ လုံးလ၀ီရိယစိုက်ထုတ်ကြိုး စားမှု့ တို့ အပြင် တိုင်းပြည်၏အနာဂတ်ဖွံ့ ဖြိုးတိုးတက်ရေး၏ အဓိပ္ပာယ်ကိုသိရှိနားလည်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များအဖြစ်မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။

 1858 ခုနှစ် 10 လပိုင်းတွင် ထုတ်ဝေသော 「Gakumon No Susume」「Bunmeiron No Gairyaku」 စသည့် စာအုပ်များကို ရေးသားပြုစုသူ ၊ အတွေးအခေါ်ပညာရှင် ၊ ကျောင်းဆရာ ၊ ဂျာနယ်လစ် အဖြစ်လည်း ဂျပန်နိုင်ငံ၏ အနာဂတ်အတွက် ဦးဆောင်လမ်းပြပေးခဲ့သူ Mr.Fukusawa Yukichi (1835-1901) မှ Edo (ယခုလက်ရှိ Tokyo) မြို့ တွင် Rangaku Juku ဟုခေါ်သော အော်လန်ဒါကျောင်း (နောင်အခါတွင် အင်္ဂလိပ်ကျောင်းအဖြစ်ပြောင်းလဲ) ကိုဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါကျောင်းသည် ယခုအခါတွင် ဂျပန်နိုင်ငံ၏ ပုဂ္ဂလိကတက္ကသိုလ်ထဲတွင် ရှေးအကျဆုံးဖြစ်သော ခဲအိုးဂိဂျုခုတက္ကသိုလ်ကိုအခြေပြု၍ ဖွဲ့ စည်းထားသော ကျောင်းအဖွဲ့ အစည်းခဲအိုးဂိဂျုခု ၏အစပင်ဖြစ်သည်။အထက်တွင်ဖော်ပြခဲ့သော「ခဲအိုးဂိဂျုခု ၏ရည်ရွယ်ချက်」သည်ကျောင်းတည်ထောင်သူ Mr.Fukusawa Yukichi က 1896 ခုနှစ် 11 လပိုင်းတွင်ပြုလုပ်ခဲ့သော ဟောပြောပွဲတွင် ဟောပြောခဲ့သော စာကြောင်း၏တစိတ်တဒေသကို ထုတ်ယူအသုံးပြုထားခြင်းဖြစ်ပြီး ခဲအိုးဂိဂျုခု၏ရည်ရွယ်ချက်ကို အကျဉ်းချုံး၍ ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသောအကြောင်းအရာအဖြစ် လူသိများလှပါသည်။

အဆိုပါခဲအိုးဂိဂျုခု၏သမိုင်းကျောင်းကိုလက်ဆင့်ကမ်းသယ်ဆောင်၍ခဲအိုးဂိဂျုခု ရှိခိအထက်တန်းကျောင်းကို ဂျပန်နိုင်ငံစိုက်တမခရိုင် ရှိခိမြို့ တွင် တည်ထောင်ထားပါသည်။ ၄င်းမတိုင်မီခဲအိုးဂိဂျုခု စိုက်ပျိုးရေးအထက် တန်းကျောင်းအဖြစ် 1947 ခုနှစ် 9 လပိုင်းတွင်ခဲအိုးဂိဂျုခု၏ကျောင်းဆရာ (အဆိုပါကျောင်းမှဘွဲ့ ရ ကျောင်းသား) ဖြစ်သည့် Mr. Matsunaga Yasuzaemon (1875-1971) မှတိုးဟိုစမ်းခိရော ပရဟိတလေ့ကျင့် ရေးစခန်း၏ မြေနေရာနှင့် အဆောက်အဦးကိုခဲအိုးဂိဂျုခုသို့ လှူဒါန်းသဖြင့်၊ အဆိုပါရှိခိမြို့ သို့ ပြောင်းရွှေ့ လာ သောခဲအိုးဂိဂျုခုတိရစ္ဆာန်ဆေးကုသရေးအထူးပြုကောလိပ်ကိုအခြေပြု၍နောက်နှစ်1948ခုနှစ်5လပိုင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းနောက်တွင်ခဲအိုးဂိဂျုခု စိုက်ပျိုးရေးအထက်တန်းကျောင်းသည် 1957 ခုနှစ်4 လပိုင်း တွင်ပုံမှန်အထက်တန်းကျောင်းအဖြစ်ပြောင်းလဲ၍တချိန်ထဲမှာပင်ခဲအိုးဂိဂျုခုရှင်းခိအထက်တန်းကျောင်းအဖြစ် အမည်ပြောင်းလွဲခဲ့ပါသည်။ကျောင်းအုပ်ဆရာကြီး၏ ထောက်ခံပေးမှု့ ဖြင့် အဆိုပါကျောင်းမှအောင်မြင်သော ကျောင်းသားအားလုံး မှာခဲအိုးဂိဂျုခု တက္ကသိုလ်သို့ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်သော နေ့  လည်ပိုင်းအမျိုးသားကျောင်းအဖြစ် ယခုအချိန်အထိ တည်ရှိလျှက်ရှိပါသည်။(တစ်နှစ်လျှင်ကျောင်းသားဦးရေ 250ဦး)

ထို့ အပြင်ယခုအချိန်တွင် ကျွုပ်တို့ ကျောင်းသည် 107,345㎡ ကျယ်ဝန်းသော ကျောင်းပရ၀ဏ် ၊ သင်ထောက်ကူပစ္စည်းကိရိယာ အစုံအလင်ရှိသော စာသင်ခန်းများ ၊ မုစရှိနော့ ဒေသ၏ အလှကိုဖော်ကြူး သောသစ်တော သစ်ပင်များ နှင့်သဘာဝပတ်ဝန်းကျင် အလှများဖြင့် ၀န်းရံနေသောနေရာတွင်တည်ရှိ၍ ကျောင်းသားတဦးချင်း တယောက်ချင်းစီ ၏ လိုအပ်ချက် ၊ လေ့လာသင်ယူနိုင်မှု့ တို့ ကို သိရှိဖြည့်ဆည်း၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆိုသောဘောင်အတွင်းမှသင်ကြားမှု့ တခုတည်းသာမက တက္ကသိုလ်တွင် လက်တွေ့ သင်ကြားရသော ဘာသာရပ်အကြောင်းအရာများနှင့် တွေးခေါ်မှု့ ပိုင်းဆိုင်ရာ စသည်တို့ ကိုလည်း သင်ကြားပေးလျှက်ရှိပါသည်။သို့ ဖြစ်ပါ၍ ကျွုပ်တို့ ကျောင်းမှ အောင်မြင်သွားသောကျောင်းသားများမှာ လက်ရှိလူ့  ဘောင်အဖွဲ့ အစည်းရှိ ကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတွင်းတွင် ကောင်းသတင်း ကျော်စောလျှက်ရှိပါသည်။ သို့ သော်လည်း ကျွုပ်တို့ ခဲအိုးဂိဂျုခုရှင်းခိအထက်တန်းကျောင်း မှဆရာ ၊ဆရာမများသည် ယခုလက်ရှိအခြေအနေတွင် ကျေနပ်မနေဘဲ ယခုထက်ပိုမိုကောင်းမွန်သော သင်ကြားရေးရည်ရွယ်ချက်များ ၊ ရည်မှန်းချက်များကို အောက်ပါအတိုင်းရေးဆွဲလျှက် ကောင်းမွန်တိုးတက် သောပညာသင်ကြားမှု့ ပေးနိုင်သော ကျောင်းအဖြစ် တည်ရှိရန်ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါသည်။

ကျွုပ်တို့ ကျောင်း၏သင်ကြားရေးရည်ရွယ်ချက်

ကျွုပ်တို့ ကျောင်း၏သင်ကြားရေးရည်ရွယ်ချက်မှာ Mr.Fukusawa Yukichi ၏ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်ကို အခြေခံသော ခဲအိုးဂိဂျုခုတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားရန်အတွက် တက္ကသိုလ် ၀င်တန်း အထက်တန်းပညာကို သင်ကြားပေးသောကျောင်းအဖြစ် တည်ရှိပြီး ကျွုပ်တို့ ကျောင်း၏ ဆရာ ဆရာမများမှာ အောက်ဖော်ပြပါ သင်ကြားရေးရည်ရွယ်ချက် (4) ချက်အတိုင်း သင်ကြားပေးလျှက်ရှိပါသည်။

1 ကျွုပ်တို့ ကျောင်း၏ကျောင်းသားအဖြစ်ဂုဏ်ယူခြင်း
ကိုယ်ပိုင်လေ့လာတွေးခေါ်နိုင်စွမ်းရှိသည့် အရည်အချင်းပြည့်ဝသော ကျောင်းသားများမွေးထုတ်ပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်း
2 အခြေခံကျသောသင်ကြားမှု့ များ
အနာဂတ်လူ့ ဘောင်အဖွဲ့ အစည်းတွင် အောင်မြင်သောစွမ်းဆောင်ရှင်ဖြစ်စေရန်နှင့်  တက္ကသိုလ်တွင်ဆက် လက်ပညာသင်ကြားနိုင်ရန်အတွက် တက္ကသိုလ်ဝင်တန်း အခြေခံအထက်တန်း ပညာရပ်များကို အခြေခံမှ စတင်၍ သင်ကြားပြီး ဘာသာရပ်လေ့လာမှု့ ၏အရေးကြီးပုံ အသုံးဝင်ပုံကို အသေးစိတ်ပို့ ချ၍ ကိုယ်ပိုင်လေ့ လာခြင်းကို အရေးပေးသော သင်ကြားမှု့ စတိုလ်ဖြင့်သင်ကြားပါသည်။ အထူးသဖြင့် တက္ကသိုလ်တွင်သင် ကြားရသော ဘာသာရပ်အကြောင်းအရာသင်ကြားမှု့ အတိုင်းပို့ ချ၍ အရည်အချင်းပြည့်ဝသောသင်ကြားမှု့  ကို ပြုလုပ်ခြင်း။
3 ကိုယ်ပိုင်တွေးခေါ်ယူဆမှု့ နှင့်စွမ်းရည်တိုးတက်ဖွံ့ ဖြိုးစေသောသင်ကြားမှု့ 
ယခုလက်ရှိကျောင်းသားအရေအတွက်နှင့်ကိုက်ညီသော သင်ကြားမှု့ ကိုပြုလုပ်ပြီးဆရာနှင့်ကျောင်းသား အကြားဆက်ဆံမှု့ ကိုအလေးပေး၍ ကိုယ်ပိုင်တွေးခေါ်ယူဆမှု့ နှင့်ကျောင်းသားတဦးချင်းစီ၏ စွမ်းရည်ဖွံ့ ဖြိုး တိုးတက်စေသောသင်ကြားမှု့ ကိုပြုလုပ်ခြင်း။
4 ကျန်းမာရေးကိုအလေးပေးဆောင်ရွ့က်မှု
ကျန်းမာရေးစစ်ဆေးမှု့ ကိုပြုလုပ်ခြင်းသာမက ကျောင်းသားများနှင့်ကိုက်ညီသော အားကစားကိုပြုလုပ်စေ ခိုင်းခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးကိုဆောင်ရွက်ခြင်း။

ထို့ အပြင်ကျွုပ်တို့ ကျောင်းသည် နာရီတာလေဆိပ်မှ မိနစ် 90 ခန့် ၊ ဟာနေတာလေဆိပ်မှ မိနစ် 70 ခန့် ၊ တိုကျိုမှ မိနစ် 50 ခန့် ၊ အိခဲဗုခုရိုမှ မိနစ် 30 ခန့် (ရထားဖြင့်) နေရာတွင်တည်ရှိပြီး ၊ သွားလာရေးလွယ်ကူသည့် နေရာတွင်တည်ရှိသည့်အပြင် သင်ကြားမှု့ ကောင်းမွန်ခြင်းတို့ ကြောင့် တိုကျိုမြို့ တွင်း ၊ စိုက်တမခရိုင်တွင်း သာမက ခနဂါဝ ခရိုင် ၊ ချိဘ ခရိုင်စသည့် အခြားသောမြို့ ကြီးများမှကျောင်းသားများလည်း လာရောက် ပညာသင်ကြားလျှက်ရှိပါသည်။ ကျောင်းသားများမှာ သင်ကြားရေးတွင်သာမက ကျောင်းသားအားကစား လှုပ်ရှားမှု့တို့ တွင်လည်း စိတ်ဝင်စားစွာပါဝင်၍ ကျောင်းသားပျော်ပွဲရွှင်ပွဲ များကိုလည်း ကျောင်းသားများ ကိုယ်တိုင်ဦးစီး၍ ကျင်းပကြပါသည်။ Mr.Fukusawa Yukichi ကဟောပြောခဲ့သော 「ကိုယ်ပိုင်စဉ်းစား တွေးခေါ်ခြင်းနှင့် မိမိကိုယ်ကိုအားကိုးခြင်း」စိတ်ဓါတ်ကကျောင်းသားများတွင်အမြစ်တွယ်လျှက်ရှိပါသည်။ အဆိုပါအချက်များမှ ကျွုပ်တို့ ကျောင်း၏ဂုဏ်ယူဖွယ်ကောင်းသော အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။

ရှိခိအထက်တန်းကျောင်း၏ဂုဏ်ယူဖွယ် (၁၀)ချက်

  • လပ်ခြင်းနှင့် ထိရောက်သောပညာသင်ကြားမှု့ 
  • ကျောင်းသားဦးရေအနည်းငယ်ဖြင့်တပိုင်တနိုင်သင်ကြားခြင်း
  • ခဲအိုးဂိဂျုခု၏လက်ဆင့်ကမ်းအမွေ
  • ခဲအိုးဂိဂျုခုတက္ကသိုလ်နှင့်ဆက်သွယ်ထားခြင်း
  • မြောက်မြားလှစွာသော အားကစားလှုပ်ရှားမှု့ ကလပ်များရှိခြင်း
  • အမျိုးသားကျောင်းဖြစ်သည့်အားလျှော်စွာ တည်ရှိသောခိုင်မာသည့် သူငယ်ချင်းသံယောဇဉ်
  • ကျွုပ်တို့ ကျောင်းမှ အောင်မြင်သွားသောစီနီယာကျောင်းသားများနှင့်အဆက်အသွယ်
  • တက်ကြွသောကျောင်းသားအဖွဲ့ အစည်း
  • ကျယ်ဝန်းသောကျောင်းပရ၀ဏ်နှင့်သဘာဝအလှ
  • စိတ်ချမ်းမြေ့ စရာကောင်းသောပတ်ဝန်းကျင်နှင့် သွားလာရေးလွယ်ကူမှု့ 

ကျောင်းရာဇ၀င်

1858 ခုနှစ် Mr.Fukusawa Yukichi ၊ Rangaku Juku ( နောင်တွင်ခဲအိုးဂိဂျုခု ) ကိုတည်ထောင်
1947 ခုနှစ် Mr.Matsunaga Yasuzaemon (1875-1971) မှလှူဒါန်းသော တိုးဟိုစမ်းခိရောပရဟိတ
လေ့ကျင့်ရေးစခန်း၏မြေနေရာနှင့် အဆောက်အဦးကိုခဲအိုးဂိဂျုခု အတွက်လက်ခံခြင်း
ခဲအိုးဂိဂျုခုတိရစ္ဆာန် ဆေးကုသရေးအထူးပြုကောလိပ်ကို ရှင်းခိသို့ ပြောင်းရွှေ့ 
1948 ခုနှစ် ခဲအိုးဂိဂျုခု စိုက်ပျိုးရေးအထက်တန်းကျောင်းတည်ထောင်ခြင်းနှင့်ဖွင့်လှစ်ခြင်းအခမ်းအနား
1957 ခုနှစ် စိုက်ပျိုးရေးအထက်တန်းကျောင်းကိုဖွဲ့ စည်းပုံပြောင်းလဲ၍ ခဲအိုးဂိဂျုခု ရှင်းခိအထက်တန်း
ကျောင်းအဖြစ်ပြောင်းလဲ
1963 ခုနှစ် တစ်နှစ် ကျောင်းသားဦးရေ 250 ယောက်သို့ ရောက်ရှိ
1968 ခုနှစ် ကျောင်းဆောင်သစ် (ယခုလက်ရှိကျောင်းဆောင်) ကိုတည်ဆောက်
1972 ခုနှစ် ကျောင်းဝတ်စုံ လွတ်လပ်စွာဝတ်ဆင်ခွင့် (နွေရာသီဝတ်စုံ ၊ နောက်နှစ်တွင်ဆောင်းရာသီဝတ်စုံ)
1988 ခုနှစ် ခဲအိုးရှိခိအဖွဲ့ အစည်း (OB အဖွဲ့ ) ကိုဖွဲ့ စည်း
1991 ခုနှစ် ဘာသာစကားသင်တန်း(19 ဘာသာ)ကိုဖွင့်လှစ်သင်ကြား
1996 ခုနှစ် ခဲအိုးရှိခိ သစ်တော ၊ သစ်ပင်စိုက်ပျိုးပွဲ
1998 ခုနှစ် ကျောင်းတည်ထောင်ခြင်းနှစ် 50 ပြည့်အထိမ်းအမှတ်ကျင်းပ
2008 ခုနှစ် ကျောင်းတည်ထောင်ခြင်းနှစ် 60 ပြည့် ၊ ခဲအိုးဂိဂျုခုတည်ထောင်ခြင်းနှစ် 150 ပြည့်